ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ကိုတာဝန်မှယာယီဆိုင်းငံ့လိုက်ပြီးနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီးဖြစ်သူ ဆူရီယာကို ယာယီဝန်ကြီးချုပ်အဖြစ်ခန့်အပ်လိုက်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဝန်ကြီးချုပ်ပေထုန်တန် ရှင်နာဝပ်ကို ရာထူးမှဆိုင်းငံ့ရန် ယနေ့ နေ့လယ်ပိုင်းတွင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ပေထုန်တန်နှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ ဖုန်းဆက်ပြောဆိုမှု ပေါက်ကြားလာပြီးနောက် အဆိုပါဖုန်းပြောဆိုမှုတွင်ဝန်ကြီးချုပ်ပြောကြားခဲ့သောစကားအချို့သည် ကျင့်ဝတ်နှင့်မကိုက်ညီဟုဆိုကာ ထိုင်းအတိုက်အခံလွှတ်တော်အမတ်များက ဖွဲ့စည်းပုံဆိုင်ရာခုံရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင်ယာယီဝန်ကြီးချုပ်ဖြစ်လာသော ဆူရီယာသည် ဝန်ကြီးချုပ်နှင့် ညီမျှသော အခွင့်အာဏာ အပြည့်အဝ ပိုင်ဆိုင်ထားပြီး ခန့်အပ်မှုနှင့် ဘတ်ဂျက်များဆိုင်ရာ အမိန့်များ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဇူလိုင် ၃ ရက်တွင် ကျင်းပမည့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား၌ ကက်ဘိနက်အဖွဲ့သစ်ကို ယာယီဝန်ကြီးချုပ်ကဦးဆောင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။