မိမိတို့အနေဖြင့် ချမှတ်လိုက်နာဆောင်ရွက်နေသောငြိမ်းချမ်းရေးမူဝါဒများသည် NCA စာချုပ်၏ အနှစ်သာရများဖြစ်ကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောသည်။
ယခု ၂၀၂၅ ခုနှစ်တွင်ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ တွင် မိန့်ခွန်းပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။
“ ကျွန်တော်တို့ ချမှတ်လိုက်နာဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးမူဝါဒတွေဟာ NCA စာချုပ်ရဲ့အနှစ်သာရတွေဖြစ်သလို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုတွေက ရရှိလာတဲ့ “အသိတရား” တွေဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှု ခိုင်မြဲစေဖို့အတွက် လိုက်နာလုပ်ဆောင်ရမယ့် “အရှိတရား”တွေဖြစ်ပါတယ်” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။
ထို့အပြင် စစ်ကောင်စီအနေဖြင့်အာဏာစသိမ်းချိန်ကစတင်ပြီး ထာ၀ရငြိမ်းချမ်းရေးကိုဦးစားပေးဆောင်ရွက်ခဲ့ကာ လက်ရှိအထိလည်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကိုလမ်းဖွင့်ပေးထားကြောင်းလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ကောင်စီကအာဏာသိမ်းပြီးနောက် အပြစ်မဲ့ပြည်သူများအားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့်သတ်ဖြတ်ခြင်းတို့ကို ဆက်တိုက်ဆိုသလိုကျူးလွန်ခဲ့ကြသည်။