စစ်ကောင်စီက ၎င်းတို့နယ်မြေများအတွင်း ရွေးကောက်ပွဲမဲပေးစနစ်များ စတင်ဆောင်ရွက်နေ

ပြည်တွင်းသတင်း - နိုင်ငံရေး | Jun 18, 2025

News Thumbnail

စစ်ကောင်စီက ၎င်းတို့စိုးမိုးသည့်နယ်မြေများအတွင်း ယခုနှစ်ကုန်ပိုင်းကျင်းပရန်ရည်ရွယ်ထားသော ရွေးကောက်ပွဲမဲပေးစနစ်များနှင့် မဲပေးစက်များသရုပ်ပြခြင်းတို့ကိုပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ 

တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမတွင် ပြီးခဲ့သော ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသ ခြင်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြမဲပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် စစ်ကောင်စီတိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်အပါအဝင် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

“ ဘယ်သူတွေကို မဲထည့်ရမယ်ဆိုတာ တည့်မပြောရုံတမယ် စစ်တပ်က ကြံ့ဖွံ့ကို ပေါ်ပေါ်တင်တင်မဲပေးခိုင်းတာမျိုးတွေလည်း တပ်တွင်းမှာလုပ်နေပြီ” ဟု စစ်တပ်အတွင်းသတင်းပေးတစ်ဦးက News Hive သတင်းဌာနသို့ပြောသည်။

စစ်ကောင်စီသည်လက်ရှိတွင် မဲပေးစက်များတည်ဆောက်ထားခြင်း၊ ရွေးကောက်ပွဲနေ့တွင် မဲပေးစက်အသုံးပြုခြင်း၊ မဲရေတွက်ခြင်း စသည်တို့ကို ပြင်ဆင်ထားပြီဖြစ်ကြောင်း သိရသည်။

🔙 Back to News