ပညာရေးအားနည်းသဖြင့်အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်နေကြကြောင်း မင်းအောင်လှိုင်ပြော

ပြည်တွင်းသတင်း - အထွေထွေ | Jun 12, 2025

News Thumbnail

မြန်မာနိုင်ငံတွင်းဖြစ်ပွားနေသော မတည်မငြိမ်မှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များသည် ပညာရေးအားနည်းသည့် ဒေသများ၌ ပိုမိုဖြစ်ပွားကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ဇွန် ၁၁ ရက်က ပြင်ဦးလွင်မြို့ အမှတ်() အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိစဉ် ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။

အတန်းပညာတတ်မြောက်မှုနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှု လုပ်ရပ်များ လုပ်ဆောင်လာကြခြင်းဖြစ်ကာမြန်မာနိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ ပညာရေးအားနည်းနေသဖြင့် တိုင်းပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ မြင့်မားစေရေးအတွက် ဆရာ၊ ဆရာမက စနစ်တကျသင်ကြားပေးရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် KG + 12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများသည် အသက် ၁၇၊ ၁၈ နှစ်အရွယ်များဖြစ်ရာ အသက် ၁၈ နှစ်ပြည့်ပါက ဆန္ဒမဲပေးရမည်ဖြစ်သောကြောင့် ဥပဒေကို သိရှိနားလည်နိုင်ရေး သင်ကြားပေးခြင်းဖြစ်ကြောင်း  ၎င်းက ဆက်ပြောသည်။

နိုင်ငံဝန်ထမ်းများအနေဖြင့်လည်း ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ကြရန်၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားရန်လည်း ထည့်သွင်းပြောကြားခဲ့သည်။

🔙 Back to News