သမ္မတဒေါ်နယ်ထရမ့်ရပ်ဆိုင်းထားသောအမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲကို ဟားဗက်တက္ကသိုလ်က ဖက်ဒရယ်တရားသူကြီးထံ အကျဉ်းချုပ်စီရင်ချက်တောင်းခံခဲ့ကြောင်း CAN သတင်းဌာနတွင် ဖော်ပြချက်အရ သိရသည်။
ယခုကဲ့သို့ရန်ပုံငွေရပ်ဆိုင်းခြင်းသည်တရားမဝင်ဘဲ ဒေါ်နယ်ထရမ့်အစိုးရသည် လွတ်လပ်စွာပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်နေကြောင်း ဟားဗက်တက္ကိသိုလ်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သော ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၄ ရက်ကစတင်ပြီး ရပ်ဆိုင်းခံထားရသည့်အမိန့်ပေါင်း ၉၅၇ ခုရှိကာ ယင်းအနက် အမျိုးသားလုံခြုံရေး၊ ကင်ဆာ၊ ကလေးသူငယ်၊ HIV၊ ကူးစက်ရောဂါများနှင့် Dark Energy ကဲ့သို့အရေးကြီးသောသုတေသနများကို ထိခိုက်စေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ရန်ပုံငွေများရပ်ဆိုင်းလိုက်ခြင်းကြောင့် လက်ရှိလေ့လာမှုများကို အကြီးအကျယ်ထိခိုက်စေနိုင်ကြောင်းလည်း ဟားဗက်တက္ကသိုလ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟားဗတ်ရဲ့ အကျဉ်းချုပ်စီရင်ချက် လျှောက်ထားမှုအတွက် ကြားနာမှုကို လာမည့်ဇူလိုင်လ ၂၁ ရက်တွင် ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။