ထိုင်းနိုင်ငံတွင်း ဆိုင်ကယ်မောင်းသူနှင့်လိုက်ပါသူ ၂ ဦးလုံးဆိုင်ကယ်ဦးထုပ်မဆောင်းပါက ဒဏ်ကြေး ဘတ် ၄၀၀၀ အထိချမှတ်ခံရမည်

နိုင်ငံတကာသတင်း | May 28, 2025

News Thumbnail

ထိုင်းနိုင်ငံအတွင်းဆိုင်ကယ်စီးနင်းသူများနှင့်လိုက်ပါသူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်ကစတင်ပြီး ဦးထုပ်မဆောင်းပါက ဒဏ်ငွေ ဘတ် ၂၀၀၀ ဒဏ်ကြေးချမှတ်ခံရမည်ဖြစ်ကာ ၂ ဦးလုံးမဆောင်းပါက ဒဏ်ကြေး ၂ ဆ(ဘတ် ၄၀၀၀)ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါကြေညာချက်သည် "လမ်းဘေးအန္တရာယ်ကင်းရှင်းရေး စီမံကိန်း" တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

“ ထိုင်းတစ်နိုင်ငံလုံး ယာဉ်ကြောစည်းကမ်းနဲ့လမ်းဘေးအန္တရာယ်ကင်းရှင်းရေးကို မြှင့်တင်ဖို့ ရည်ရွယ်တာပါ” ဟု ထိုင်းရဲတပ်ဖွဲ့၏ ယာဉ်ကြောရဲတပ်ဖွဲ့မှူး ဒုတိဗိုလ်မှူးကြီး နီထီသွန်း ချိန်တာကနွန်က ပြောသည်။

ထိုင်းယာဉ်ထိန်းတပ်ဖွဲ့နှင့်ရဲတပ်ဖွဲ့များအနေဖြင့် ယာဉ်ကြောအလွန်ကြပ်သောနေရာများ၊ ဥပဒေချိုးဖောက်မှုများသော လမ်းများ၊ မတော်တဆမှုများဖြစ်ပွားလေ့ရှိသော နေရာများနှင့် ကျောင်းအနီးတစ်ဝိုက်တို့တွင် အထူးအာရုံစိုက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အချက်အလက်များ ထပ်မံသိရှိလိုပါက သို့မဟုတ် ယာဉ်ကြောဆိုင်ရာ ပြဿနာများကို သတင်းပို့လိုပါက ၂၄ နာရီ ဖွင့်လှစ်ထားသော ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ၁၁၉၇ နှင့် မီးရထားရဲတပ်ဖွဲ့၏ ၁၁၉၃ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

🔙 Back to News