ထိုင်း-မြန်မာနယ်စပ်တွင် ဒေသခံများ၏ကျန်းမာရေးကိုထိခိုက်စေသည့် မြေရှားသတ္တုတူးဖော်နေ

ပြည်တွင်းသတင်း - အထွေထွေ | May 16, 2025

News Thumbnail

ရှမ်းပြည်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်အနီးတွင် ဒေသခံများ၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သော မြေရှားသတ္တုတူးဖော်နေကြောင်း SHRF ရှမ်းလူ့အခွင့်အရေး မဏ္ဌိုင်အဖွဲ့အစည်းက မေ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါမြေရှားသတ္တုတွင်းသည် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ တောင်ဘက်  မိုင်းယွန်းဒေသ  ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွင်တည်ရှိကာ သတ္တုတွင်း ခု၏ပုံရိပ်ကို ထင်ရှားစွာတွေ့ရကြောင်း သိရသည်။

အဆိုပါသတ္တုတွင်းမှ စွန့်ပစ်ပစ္စည်းများသည် ထိုင်းနိုင်ငံအတွင်းသို့ပါစီးဝင်နေသည့် နမ့်ခုတ်မြစ်သို့ စီးဝင်နေကာ ရေအရင်းအမြစ်များကို ညစ်ညမ်းစေသည့်အတွက် ၂ နိုင်ငံနယ်စပ်နေ ပြည်သူပေါင်း သန်းကျော်၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်လာမည့်အရေး စိုးရိမ်ဖွယ်ရာရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါသတ္တုတွင်းများကို တရုတ်ကုမ္ပဏီများတူးဖော်နေပုံသဏ္ဌာန်တူပြီး တောင်များကို အပေါက်ဖောက်ကာ ပိုက်လုံးမှတဆင့် ဓာတုပစ္စည်းများလောင်းထည့်ကာ ဓာတုရည်များကို ကန်ထဲပြန်ထည့်ပြီး မြေရှားသတ္တု ထုတ်ယူသည့်နည်းပညာကိုအသုံးပြုနေကြောင်း သိရသည်။

ဂြိုဟ်တုမှတ်တမ်းပုံဟောင်းများအရ မိုင်းဆတ်မြို့နယ်ရှိမြေရှားသတ္တုတွင်းကို  ၂၀၂၃ ခုနှစ်နှင့်  ၂၀၂၄ နှစ်လယ်ပိုင်းတို့တွင် ၁ နေရာစီတွေ့ရှိခဲ့ရကာ မြေရှားသတ္တုတူးဖော်မှုကြောင့် မြေပြိုခြင်း၊ မြေပေါ် မြေအောက်ရေအဆိပ်သင့်ကာ ငါးနှင့်တောရိုင်းတိရစ္ဆာန်များသေဆုံးခြင်းနှင့် စိုက်ပျိုးပင်များ ထိခိုက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Photo:   SHRF

🔙 Back to News