Robert Prevost ပုပ်ရဟန်းမင်းသစ်ဖြစ်လာ

နိုင်ငံတကာသတင်း | May 09, 2025

News Thumbnail
 
 
ကာဒီနယ် ရောဘတ် ပရီဗော့စ် (Robert Prevost) အား ပုပ်ရဟန်းမင်းသစ်အဖြစ်ရွေးချယ်လိုက်ကြောင်း သိရသည်။
 
ပုပ်ရဟန်းမင်းအသစ်ရွေးချယ်ပွဲကို ဗာတီကန်စီးတီး Sistine Chapel တွင် မေလ ၇ ရက်ကစတင်ခဲ့ကာရွေးကောက်ပွဲတွင် ကာဒီနယ် ၁၃၃ ဦး ပါဝင်ခဲ့ကြောင်းသိရသည်။
 
ရွေးချယ်ခံရသည့် ပုပ်ရဟန်းမင်းကြီး Robert Prevost သည် အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့တွင်မွေးဖွားခဲ့သူဖြစ်ပြီး ပီရူးနိုင်ငံသားခံယူထားကာ အသက် (၆၉) နှစ်ရှိပြီဖြစ်သည်။
 
ပုပ်ရဟန်းမင်းသစ် ရွေးချယ်ပြီးကြောင်း အဖြူရောင်မီးခိုးနဲ့ အချက်ပြပြီးနောက်မကြာမီ ကာဒီနယ်ရောဘတ် ပရီဗော့စ်ကို ပုပ်ရဟန်းမင်းကြီးသစ်အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။
 
၎င်းသည် ပုပ်ရဟန်းမင်းကြီးအဖြစ် ၁၄ ယောက်မြောက် လီယို ဆိုသည့် အမည်ကို ခံယူမည်ဖြစ်ကြောင်း သိရသည်။
 
 
🔙 Back to News