အပစ်ရပ်ကာလသက်တမ်းတိုးထားသည်ဆိုသော စစ်ကောင်စီက အပြစ်မဲ့ပြည်သူနေအိမ်များကို ဗုံးကြဲတိုက်ခိုက်နေ

ပြည်တွင်းသတင်း - နိုင်ငံရေး | May 08, 2025

News Thumbnail

အပစ်ရပ်ကာလသက်တမ်းတိုးသည်ဆိုသော စစ်ကောင်စီက အပြစ်မဲ့ပြည်သူများ၏နေအိမ်မျာအား ဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်ကျူးလွန်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်မှန်သည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန်နှင့်  တည်ငြိမ်အေးချမ်းမှုကိုဆိုကာ စစ်ကောင်စီက ၂၀၂၅ ခုနှစ်၊ မေ  ရက်မှ ၃၁ ရက် အထိယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ကြောင်း မတ်လ ၆ ရက် ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။

သို့သော် စစ်ကောင်စီက အပစ်ကာလရပ်စဲကြောင်းထုတ်ပြန်ပြီးနောက်တစ်ရက်ဖြစ်သည့် မတ်လ ၇ ရက်တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့ကိုဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

“ ချင်းပြည်မှာ လေယာဉ်ကနေ့တိုင်းလိုလိုဝဲနေတာ။ ကြဲချင်တဲ့အချိန် ကြဲချတာပဲ။ ၇ ရက်နေ့က ဗုံးကြဲသွားတာ ဒေသခံ ၅ ယောက်သေတယ်ကြားတယ်။ ထိခိုက်တာတော့အတော်များတယ်” ဟု ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်နေထိုင်သူတစ်ဦးက News Hive သတင်းဌာနသို့ပြောသည်။

မတ်လ ၂၈  ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့်  ကူညီကယ်ဆယ်ရေးနှင့်   ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်သည်ဆိုကာ စစ်ကောင်စီက ၂၀၂၅ ခုနှစ်၊ ဧပြီ  ရက် မှ ၃၀ ရက်အထိ  ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်းအပြစ်မဲ့ပြည်သူများနေအိမ်များနှင့် သွားလာရာနေရာများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ လေကြောင်းအသုံးပြုဗုံးကြဲခြင်းများကိုဆက်တိုက်ကျူးလွန်နေခြင်းဖြစ်သည်။ 

ယင်းကဲ့သို့ အပစ်ရပ်ကာလအတွင်းတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး News Hive သတင်းဌာနအနေဖြင့် စစ်ကောင်စီထံဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

🔙 Back to News