မန္တလေးမှအငြိမ်းစားပါမောက္ခအမျိုးသမီးအား အုတ်နီခဲဖြင့်ထုသတ်ခဲ့ခြင်းဖြစ်ကြောင်း ကျူးလွန်သူ ဝန်ခံ

ပြည်တွင်းသတင်း - မှုခင်း | May 02, 2025

News Thumbnail

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ ဧပြီလ ၂၇ ရက်နေ့က အငြိမ်းစားပါမောက္ခ အမျိုးသမီး ဦးအား သတ်ဖြတ်မှုကျူးလွန်ခဲ့သူဟုယူဆရသည့်အမျိုးသား ၁ ဦးအားဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၇ ရက်၊ နံနက် နာရီခန့်တွင်ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာရှိ လူနေထိုင်ခြင်းမရှိသည့်နေအိမ်အတွင်း အမျိုးသမီးတစ်ဦးသေဆုံးနေသည်ကိုတွေ့ရှိရကြောင်းသတင်းအရ ပုသိမ်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရေထွက်ကျေးရွာ၊ မြောင်းပေါင်ဘေး၊ လယ်ကွင်းအတွင်းဆောက်လုပ်ထားပြီး လူနေထိုင်ခြင်းမရှိသည့်တစ်ထပ်တိုက်အတွင်း   ဒေါ်ထွေးထွေး(၆၆)နှစ်   ပါမောက္ခ(အငြိမ်းစား) ()ဦးအောင်သန်းအား နဖူးပြတ်ရှဒဏ်ရာဖြင့် မှောက်လျက်အနေအထားဖြင့် သွေးအိုင်အတွင်း သေဆုံးပုပ်ပွနေသည်ကိုတွေ့ရှိရသဖြင့် ပုသိမ်ကြီးမြို့မရဲစခန်း()၇၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ အမှုဖွင့်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ ပါမောက္ခ(အငြိမ်းစား)ဒေါ်ထွေးထွေးအသုံးပြုမောင်းနှင်ခဲ့သည့် MDY-15 7G/xxxx Belta အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား အခင်းဖြစ်နေရာအနီးမှ သိမ်းဆည်းရရှိခဲ့ပြီး  ဒေါ်ထွေးထွေးမှာပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာရှိ မင်္ဂလာရန်ကင်းအိမ်ရာ (အငြိမ်းစားအိမ်ရာ) တိုက်အမှတ်(C-16)၊အခန်းအမှတ်(၄၀၁)တွင်တစ်ဦးတည်းနေထိုင်ပြီးတူတော်စပ်သူ ဦးရဲဝဏ္ဏနှင့်အတူ အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်ခဲ့ကြောင်းသိရှိရသဖြင့် ပတ်ဝန်းကျင်သက်သေများအား အသေးစိတ်စစ်ဆေးခဲ့ကြောင်း သိရသည်။ 

သက်သေများ၏ထွက်ဆိုချက်များအရဒေါ်ထွေးထွေးမှာ ဧပြီလ ၂၅ ရက်နေ့ နံနက် နာရီခန့်တွင် နေအိမ်မှတစ်ဦးတည်း ၎င်းပိုင်မော်တော်ယာဉ်ဖြင့်ထွက်ခွာသွားသည်ကိုမြင်တွေ့ရကြောင်း၊  ထိုနေ့ မွန်းလွဲ၂ နာရီကျော်ခန့်တွင်   စိုင်းထွန်းနော်()  ကိုစိုင်း() ငြိမ်းချမ်းဖြိုး() ကိုဖြိုးမှ  Belta  ခဲရောင်မော်တော်ယာဉ်တစ်စီးအားမောင်းပေးရန် ၎င်းနှင့်ခင်မင်ရင်းနှီးသူတစ်ဦးအား အကူအညီတောင်းခံခဲ့ကြောင်း၊ ၎င်းကားနောက်ခန်းအတွင်းမှ  မိန်းမစီးဖိနပ်တစ်ရန်အား ရေကန်အတွင်းသို့ လွှင့်ပစ်သည်ကို မြင်တွေ့ရကြောင်း၊ ညနေ၃ နာရီ ၁၅  မိနစ်ခန့်တွင်  ဒေါ်ထွေးထွေး၏နေအိမ်သို့၎င်းနှင့်      မြေကွက်အရောင်းအဝယ်ပြုလုပ်နေသူ စိုင်းထွန်းနော် () ကိုစိုင်း()ငြိမ်းချမ်းဖြိုး () ကိုဖြိုးရောက်ရှိလာပြီး နေအိမ်အတွင်းဝင်သွားသည်ကိုမြင်တွေ့ရကြောင်း   စုံစမ်းဖော်ထုတ်သိရှိရသဖြင့်စိုင်းထွန်းနော် ()ကိုစိုင်း() ငြိမ်းချမ်းဖြိုး()ကိုဖြိုးအား ဖမ်းဆီးစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့ရာ ၎င်းမှာ မိသားစုများနှင့်အတူ တောင်ကြီးမြို့သို့ထွက်ခွာသွားကြောင်းထပ်မံစုံစမ်းသိရှိရသည်။

ထို့ကြောင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့်ပေါင်းစပ်ညှိနှိုင်း၍ ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာမေလ ရက်နေ့ နံနက်ပိုင်းတွင် တရားခံဟုယူဆရသူ စိုင်းထွန်းနော်()ကိုစိုင်း() ငြိမ်းချမ်းဖြိုး()  ကိုဖြိုး ၂၅ နှစ်()ဦးစန်းယုအား ဟဲဟိုးမြို့ရှိ တည်းခိုခန်းတစ်ခု၌ ပါမောက္ခ(အငြိမ်းစား) ဒေါ်ထွေးထွေးအား သတ်ဖြတ်ပြီး ယူဆောင်ခဲ့သည့် မောင်းကွင်းရွှေလက်စွပ် ကွင်း၊ ကျောက်ပါရွှေထည်လက်စွပ် ကွင်း၊ ရွှေကလစ် ခု၊ ကျောက်ပါရွှေထည်လော့ကတ်သီး ခု၊ သံကြိုးပုံရွှေဆွဲကြိုး၁ ကုံး၊ ကျောက်ပါ ရွှေဆွဲကြိုး ကုံး၊ ကျောက်ပါရွှေလက်ကောက် ကွင်း၊ ရွှေကြယ်သီး လုံး၊ မြေကွက်အရောင်းအဝယ် စာချုပ်/ စာရွက်စာတမ်း ၃၉ စောင်၊Wave 110 ဆိုင်ကယ် စီး၊ မြန်မာငွေစက္ကူရောရာ၂၀၂၀၀၀၀ ကျပ်တို့နှင့်အတူ သိမ်းဆည်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားခံ စိုင်းထွန်းနော်() ကိုစိုင်း() ငြိမ်းချမ်းဖြိုး()ကိုဖြိုး၏ထွက်ဆိုချက်အရ ၎င်းနှင့် ပါမောက္ခ(အငြိမ်းစား)ဒေါ်ထွေးထွေးတို့သည် ဧပြီလ ၂၅ ရက်နေ့ နေ့လယ် ၁၂နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာနှင့်   နှမ်းကြဲကျေးရွာအကြားရှိဒေါ်ထွေးထွေးပိုင်ဆိုင်သည့် ခြံကွက်အား အရောင်းအဝယ်ပြုလုပ်ရန်ပြသစဉ်အရောင်းအဝယ်မတည့်သဖြင့်စကားများခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေါ်ထွေးထွေးအားလည်ပင်းညှစ်၍   အုတ်နီခဲဖြင့်ဦးခေါင်းအား ချက် ထုရိုက်ခဲ့ကာ ၎င်းစီးနင်းလာသည့်MDY-15 7G/xxxx Belta အမျိုးအစား မော်တော်ယာဉ်အတွင်းမှ ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်သိန်း ၅၀ တို့အား ယူဆောင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ စိုင်းထွန်းနော်() ကိုစိုင်း() ငြိမ်းချမ်းဖြိုး() ကိုဖြိုးအား အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။    

🔙 Back to News