ငလျင်ဘေးသင့်ပြီးနောက်ပြန်လည်တည်ဆောက်သည့်အဆောက်အဦများ ရစ်ချ်တာစကေး ၈ အထိ ခံနိုင်ရည်ရှိရမည်ဟု စစ်ကောင်စီ ဆို

ပြည်တွင်းသတင်း - အထွေထွေ | Apr 30, 2025

News Thumbnail

ငလျင်ဘေးသင့်အဆောက်အဦများပြန်လည်တည်ဆောက်ရာတွင် ရစ်ချ်တာစကေး အထိ ခံနိုင်ရည်ရှိစေရန်တည်ဆောက်ရမည်ဟု စစ်ကောင်စီက သတ်မှတ်လိုက်သည်။

ဧပြီ ၂၉ ရက်ကကျင်းပခဲ့သည့် အဆောက်အဦများပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စစ်ကောင်စီခန့် အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့်အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မောင်မောင်အေးက ပြောကြားလိုက်ခြင်းဖြစ်သည်။

ငလျင်ကြောင့်ပျက်စီးခဲ့သည့်အဆောက်အဦများပြန်လည်တည်ဆောက်ရာတွင် ရစ်ချ်တာစကေး အထိ ခံနိုင်အောင် တည်ဆောက်ရမည်ဖြစ်ကာ မူလတည်ဆောက်ခဲ့သောကုမ္ပဏီများအား တာဝန်ပေးခြင်းအပါအဝင် နည်းလမ်း ၃ ခုဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မောင်မောင်အေးက ပြောသည်။

နည်းလမ်း ၃ ခုမှာ ရုံးဌာန အဆောက်အဦများပြင်ဆင်ရန် မူလတည်ဆောက်ခဲ့သောကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင်တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်းနှင့် အင်ဂျင်နီယာအသင်း ၃ သင်းမှ သတ်မှတ်ထောက်ခံပေးထားသည့် ကုမ္ပဏီများအားတာဝန်ပေးဆောင်ရွက်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဝန်ထမ်းအိမ်ရာများ ပြုပြင်ခြင်းအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကတာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

🔙 Back to News