ပုပ်ရဟန်းမင်းကြီးအသစ်ရွေးကောက်တင်မြှောက်ရေး လျှို့ဝှက်အစည်းအဝေးကို လာမည့် မေလ ၇ ရက်တွင်စတင်မည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနဖော်ပြချက်အရ သိရသည်။
ပုပ်ရဟန်းမင်း ဖရန်စစ်၏စျာပနကျင်းပခဲ့အပြီး ပြီးခဲ့သော ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်တွင် ကာဒီနယ်များကဆွေးနွေးပြီးနောက် ရွေးကောက်ပွဲစတင်မည့်ရက်ကိုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီးအသစ်ရွေးချယ်ခြင်းကို ကမ္ဘာတဝန်းရှိသက်တော် ၈၀ အောက် ကာဒီနယ် ၁၃၅ ပါးက မဲပေးပိုင်ခွင့်ရှိနေကာ ညွှန်ကြားလွှာများအရ ၁၂၀ ဦးထက် ပိုမိုမဲပေးခွင့်မရှိကြောင်းဖော်ပြထားသည့်အတွက် မည်မျှမဲပေးခွင့်ရှိမည်ကိုမသိရှိသေးကြောင်း သိရသည်။
မဲပေးပွဲကို အစဉ်အလာအတိုင်း ဆစ်စတင်းဘုရားကျောင်းမှာကျင်းပမည်ဖြစ်ကာ ကိုယ်စားလှယ်က မဲစုစုပေါင်း၏ ၃ ပုံ၊ ၂ ပုံ မရမချင်းအကြိမ်ကြိမ်ညှိနှိုင်းကာပြန်လည်ရွေးကောက်ရမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ၂၀၀၅ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့တွင်ကျင်းပခဲ့သောမဲပေးအစည်းအဝေးများသည် ၂ ရက်တာကြာမြင့်ခဲ့ကြောင်း သိရသည်။