မဟာချိုင်ရှိ မြန်မာစားသောက်ဆိုင်ကိုစစ်ဆေးရာမှ မူးယစ်ဆေးဝါးနှင့်လက်နက်များတွေ့ရှိ

နိုင်ငံတကာသတင်း | Apr 29, 2025

News Thumbnail

ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်၊ မဟာချိုင်မြို့တွင် မြန်မာနိုင်ငံသားများငှားရမ်းထားသော အဆောက်အဦအား ဧပြီလ ၂၈ ညနေပိုင်း၌ ဝင်ရောက်စစ်ဆေးရာမှ မူးယစ်ဆေးဝါးနှင့်လက်နက်များတွေ့ရှိခဲ့ကြောင်း Khaosod သတင်းဌာနတွင်ဖော်ပြချက်အရ သိရသည်။

အဆိုပါစစ်ဆေးမှုကို ပြည်နယ်အုပ်ချုပ်ရေးမှူးကဦးဆောင်ပြီး အလုပ်သမားဝန်ကြီးဌာနမှ စစ်ဆေးရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်တပ်ဆိုင်ရာလုံခြုံရေးအဖွဲများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအပါအဝင်စုစုပေါင်းအရာရှိ ၂၀၀ ဦးကျော်ပါဝင်ခဲ့ကြောင်း သိရသည်။

"မနေ့ညက အဲဒီကိုဝင်စစ်တာပါ။ အဖွဲ့စုံပဲ။ သတင်းပေးခံရတယ်လို့တော့ကြားတယ်။ အဲဒီဆိုင်က မြန်မာတွေအတော်လေးအဝင်အထွက်များတယ်။ ကျွန်တော်တို့ကတော့ မူမမှန်ဘူးထင်လို့ အစကတည်းကမသွားဖြစ်တာ” ဟု မဟာချိုင်တွင်နေထိုင်သူ ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

စစ်ဆေးမှုအတွင်း အဆိုပါအအောက်အဦဝန်းအတွင်း ဖျော်ဖြေရေးစင်တာအဖြစ် လျှို့ဝှက်ဖွင့်လှစ်ကာ မြန်မာနိုင်ငံသားများအတွက်ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဘား၊ ကာရာအိုကေနှင့် ဘိလိယက်ခုံများပါဝင်ကာ ဝန်ဆောင်ခအဖြစ် တစ်နာရီလျှင် ထိုင်းဘတ်ငွေ ၂၅၀ ကျပ်သတ်မှတ်ထားကာ နာရီအသုံးပြုပါက နာရီ အခမဲ့ဝန်ဆောင်မှုပေးကြောင်း သိရသည်။

စစ်ဆေးရာတွင် အထူးခန်း(VIP)များအတွင်း မူးယစ်ဆေးဝါးများရရှိနိုင်ပြီး ဆိုဖာထိုင်ခုံများနှင့် အဆောက်အဦအနှံ့အပြားတွင် မက်သာဖတ်တမင်းဆေးပြားများနှင့် ကျည်ဆန်ပါသောစစ်လက်နက်အချို့ ရှာဖွေ့တွေ့ရှိခဲ့ကြောင်း သိရသည်။

 

🔙 Back to News