စစ်လက်နက်များကို ပိုမိုကောင်းမွန်အောင်ထုတ်လုပ်ကြရန် မင်းအောင်လှိုင် ပြော

ပြည်တွင်းသတင်း - နိုင်ငံရေး | Apr 27, 2025

News Thumbnail

စစ်လက်နက်နှင့်အသုံးအဆောင်ပစ္စည်းများကို ပိုမိုကောင်းမွန်အောင်ထုတ်လုပ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ 

ပြီးခဲ့သော ဧပြီလ ၂၆ ရက်တွင်ကျင်းပခဲ့သည့် ၇၅ ကြိမ်မြောက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့ အခမ်းအနားတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မင်းတုန်းမင်းလက်ထက်တွင် ကနောင်မင်းသားက စစ်လက်နက်ပစ္စည်းများထုတ်ရန် ကြိုးစားခဲ့ကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်တွင်လည်း ပုန်ကန်မှုများကိုရင်ဆိုင်ရပြီး အချုပ်အခြာကို တပ်မတော်က ပြည်သူနှင့်အတူ ခက်ခက်ခဲခဲ ကာကွယ်စောင့်ရှောက်ခဲ့ကြောင်းကိုလည်း မင်းအောင်လှိုင်က အစချီပြောကြားခဲ့သည်။

ထို့နောက် စစ်လက်နက်နှင့်စစ်အသုံးဆောင်ပစ္စည်းများသည် စစ်မြေပြင်တွင် မှတ်ကျောက်တင်ခံရမည် ဖြစ်ပြီး အရည်သွေးပိုမိုကောင်းမွန်စေရန်နှင့်စွမ်းဆောင်ရည်မြင့်မားစေရန် နယ်ပယ်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၅၀ ပြည့်နှစ်၊ ဧပြီ ၂၆ ရက်က ဖွဲ့စည်းပုံနှင့်ဖွဲ့ပြီးနောက် လက်နက်ခဲယမ်းထုတ်လုပ်ခြင်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ 

🔙 Back to News