ထိုင်းရဲတပ်ဖွဲ့၏ဖမ်းဆီးမှုကိုထွက်ပြေးသည့်ကားတစ်စီးရေထဲထိုးကျ၊ ကားအတွင်း တရားမဝင်မြန်မာနိုင်ငံသား ၁၉ ဦးဖမ်းဆီးရမိ

နိုင်ငံတကာသတင်း | Apr 26, 2025

News Thumbnail

ထိုင်းနိုင်ငံ၊ ကချနာဘူရီခရိုင်တွင် ရဲတပ်ဖွဲ့၏ဖမ်းဆီးမှုကြောင့်ကားတစ်စီးထွက်ပြေးရာမှ မြစ်အတွင်းထိုးကျပြီးနောက် ကားအတွင်း တရားမဝင်မြန်မာနိုင်ငံသား ၁၉ ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့၏ လိုက်လံဖမ်းဆီးမှုကြောင့် ကားသည် ဘန်လတ်ရာလမ်းဆုံမှ မြစ်ကူးတံတားဘက်သို့ထွက်ပြေးရာမှ အရှိန်လွန်ပြီး မြစ်ထဲကို ထိုးကျသွားခြင်းဖြစ်ကာ ယာဉ်မောင်းလွတ်မြောက်သွားကြောင်း သိရသည်။

လက်ရှိတွင် ကားအတွင်းတွေ့ရှိသည့် တရားမဝင်မြန်မာနိုင်ငံသား ၁၉ ဦးအား ထိုင်းနိုင်ငံတွင်း တရားမဝင်ဝင်ရောက်မှုဖြင့်စွဲချက်ထားကာ ယာဉ်မောင်းကိုလည်း ဖမ်း၀ရမ်းထုတ်ထားကြောင်း သိရသည်။

စစ်ဆေးချက်အရ အဆိုပါမြန်မာနိုင်ငံသား ၁၉ ဦးသည် ရန်ကုန်မြို့မှထွက်ခွာလာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင်းသို့ရောက်ရှိရန် တစ်ဦးလျှင်ဘတ် သောင်းခွဲပေးခဲ့ရကြောင်း သိရသည်။

🔙 Back to News