KNU သို့ပို့ဆောင်မည့်လက်နက်များကို ဘန်ကောက်မြို့ရှိကွန်ဒိုတစ်ခုတွင်ဖမ်းဆီးရမိ

ပြည်တွင်းသတင်း - နိုင်ငံရေး | Apr 26, 2025

News Thumbnail

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်စီခရိုင်၊ ထုန်းဆုန်ဟုန်မြို့နယ်ရှိ ကွန်ဒိုခန်းတစ်ခုတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)ထံပို့မည့် လက်နက်ခဲယမ်းများကို ထိုင်းရဲတပ်ဖွဲ့က ဧပြီလ ၂၅ ရက်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းဌာနတွင်ဖော်ပြချက်အရ သိရသည်။

ထုန်းဆုန်ဟုန်မြို့နယ်၊ ဆွိုင်ချိန်းဝတ္တနာ ၁၂ လမ်းသွယ် ရှိ ကွန်ဒိုအခန်းတစ်ခုတွင် လက်နက်များသိုဝှက်ထားသည်ဟူသော သတင်းအရ ထုန်းဆုန်ဟုန်ရဲစခန်းက ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာမှ အဆိုပါလက်နက်များကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါကွန်ဒိုအခန်းတွင် နေထိုင်သူသည် ဧပြီလ ၁၂ ရက်တွင်အခန်းမှထွက်ခွာသွားပြီး ယခုအချိန်ထိ ပြန်မလာသေးကြောင်း ကွန်ဒိုအဆောက်အဦ၏ တာဝန်ရှိသူက ပြောကြားချက်အရ သိရသည်။

ယခုဖမ်းမိသော လက်နက်များသည် ပြီးခဲ့သောဧပြီလ ၂၃ ရက်နေ့လယ်ပိုင်းက  ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ တူးမြောင်းလမ်းပေါ်တွင် ထိုင်းနိုင်ငံသား ၂ ဦးနှင့်အတူဖမ်းဆီးရမိခဲ့သော KNU သို့ပို့မည့် လက်နက်အမှု၏ကွင်းဆက်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- Khaosod

🔙 Back to News