အိန္ဒိယနိုင်ငံတွင် အချိန်အခါမဟုတ်ဘဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လူ ၁၀၀ ဦး ဝန်းကျင်သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းဌာနမှဖော်ပြချက်အရ သိရသည်။
အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်တွင် မိုးရွာသွန်းမှုနဲ့ ဆက်စပ်သောဖြစ်စဉ်များကြောင့် ပြီးခဲ့သော ၂ ရက်အတွင်း အနည်းဆုံး လူ ၈၂ ဦးသေဆုံးခဲ့ကြောင်း အိန္ဒိယနိုင်ငံ၊ အရှေ့ပိုင်းပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားသည်။
ထို့အပြင် အိန္ဒိယနိုင်ငံ၊ အူတာပရာဒက်ရှ်ပြည်နယ်တွင်လည်း မိုးကြိုးပစ်ခြင်း၊ မုန်တိုင်းနှင့်ဆက်စပ် ဖြစ်စဉ်များကြောင့် ၁၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အိန္ဒိယမိုးလေဝသဌာန၏သုံးသပ်ချက်များအရ မိုးရာသီနဲ့အတူမိုးသည်းထန်စွာရွာသွန်းမှုများရှိမည် ဖြစ်ကာ အနောက်ဘက်မှာ အပူလှိုင်းများနှင့် အရှေ့ပိုင်း၊ အလယ်ပိုင်းဒေသတို့တွင် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် မကြာသေးမီက ပြင်းထန်တဲ့အပူလှိုင်းများကျရောက်ခဲ့ပြီး လူအများအပြား သေဆုံးခဲ့ကြောင်း နေ့စဉ်ထုတ်သတင်းများအရ သိရသည်။