ဧပြီ ၂ ရက်မှ ၂၂ ရက်အထိယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ၊ လိုအပ်ပါကပြန်လည်တိုက်ခိုက်မည်ဟု  စစ်ကောင်စီထုတ်ပြန်

ပြည်တွင်းသတင်း - အထွေထွေ | Apr 02, 2025

News Thumbnail

ပြီးခဲ့သော မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ပြည်သူများအား စာနာထောက်ထားသဖြင့်ဟုဆိုကာ စစ်ကောင်စီက ဧပြီလ ၂ ရက်မ ၂၂ ရက်အထိ ယာယီအပစ်ရပ်စဲကြောင်း ကြေညာသည်။ 

သို့သော် ယာယီအပစ်ရပ်စဲရေးကာလအတွင်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲများနှင့် အခြားလက်နက်ကိုင်အဖွဲများအနေဖြင့် အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့် ယှက်တိုက်ခိုက်ခြင်း၊ ထိခိုက်ပျက်စီးစေခြင်း၊ ပြည် သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုထိခိုက် ပျက်စီးစေခြင်းများမပြုလုပ်ရန် စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အတူ စစ်ကောင်စီစခန်းများအားတိုက်ခိုက်ခြင်း၊ အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုလုပ်ရန် စစ်ကောင်စီကတားမြစ်ထားပြီး လိုအပ်လာပါက တုံ့ပြန်တိုက်ခိုက်သွားမည်ဟုလည်း ဆိုသည်။

လက်ရှိတွင် အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)တို့ကလည်း ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း ဧပြီလ ၁ ရက်မှစတင်ပြီး ၂ ပတ်ကြာ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း ကြေညာထားသည်။  

🔙 Back to News