BIMSTEC အစည်းအဝေးသို့စစ်ကောင်စီတက်ရောက်ရန်ဖိတ်ကြားခြင်းအားကန့်ကွက်ကြောင်း APHR ထုတ်ပြန်

နိုင်ငံတကာသတင်း | Apr 02, 2025

News Thumbnail

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ကျင်းပမည့် BIMSTEC   ကြိမ်မြောက်အစည်းအဝေးသို့ စစ်ကောင်စီတက်ရောက်ရန်ဖိတ်ကြားခြင်းအား ပြင်းထန်စွာရှုတ်ချကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့  APHR က ဧပြီလ ရက်တွင်ထုတ်ပြန်လိုက်သည်။

ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများနည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ၏ ၆ ကြိမ်မြောက်အစည်းအဝေးကို ဧပြီလ ရက်နှင့် ၄ ရက်တို့တွင်ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် စစ်ကောင်စီကိုနေရာပေးခြင်းသည် ၎င်းတို့၏ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုကိုတရားဝင်စေရုံသာမက BIMSTEC ၏ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်များအပေါ် ယုံကြည်ကိုးစားမှုကို ပျက်ပြားစေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေ နဲ့ တရားဥပဒေစိုးမိုးရေးကို လုံးဝဂရုမစိုက်ဘူးလို့ပြသနေပါတယ်။ စစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံခြင်းဖြင့် BIMSTEC ဟာ သံတမန်အရေး မြှင့်တင်နေတာမဟုတ်ဘဲ ဖိနှိပ်မှုကိုထောက်ခံနေတာဖြစ်တယ်ဟု APHR ဥက္ကဌနှင့်အင်ဒိုနီးရှားအောက်လွှတ်တော်အမတ် Mercy Chriesty Barends က ပြောသည်။

ထို့ကြောင့် BIMSTEC အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်းနှင့်အိန္ဒိယနိုင်ငံတို့အနေဖြင့် မြန်မာစစ်အစိုးရ ပါဝင်မှုကိုငြင်းပယ်ပြီး ဒီမိုကရေစီနှင့်လူ့အခွင့်အရေးထောက်ခံသောအရေးယူမှုများပြုလုပ်ရန်လည်း APHR က တိုက်တွန်ထားသည်။

မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ကိုယ်ကျိုးစွန့် တွန်းလှန်နေကြဆဲပါ။ BIMSTEC က မြန်မာပြည်သူတွေကိုပံ့ပိုးပေးရမယ့်အစား စစ်အစိုးရကို စင်မြင့်တစ်ခုဖန်တီးပေးနေတယ်ဟု APHR အဖွဲ့ဝင် ထိုင်းလွှတ်တော်အမတ် Rangsiman Rome ကပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်း၊နှိပ်စက်ခြင်း၊ ထောင်ချခြင်းနှင့် သတ်ဖြတ်မှုပေါင်းများစွာ ကျူးလွန်ထားသည်။

🔙 Back to News