မည်သည့်ငြိမ်းချမ်းရေးသဘောတူညီချက်တွင်မဆို ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်မပေးရန် ရုရှားနိုင်ငံက တောင်းဆိုထားကြောင်း ရိုက်တာသတင်းဌာနတွင်ဖော်ပြချက်အရ သိရသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ ယူကရိန်းအရေးဆွေးနွေးရန် စီစဉ်နေချိန်တွင် ယခုကဲ့သို့ ရုရှား နိုင်ငံခြားရေးဒုတိယဝန်ကြီး အလက်ဇန္ဒားဂရက်ရှ်ကိုက ရုရှားသတင်းဌာနအစ်ဇ်ဗက်ရှားထံပြောကြားလိုက်ခြင်းဖြစ်သည်။
“ ငြိမ်းချမ်းရေးသဘောတူညီချက်မှာ ဒီအချက်ကို သံမဏိလိုခိုင်မာတဲ့အာမခံချက်အဖြစ် တောင်းဆိုသွားမှာပါ” ဟု ၎င်းကပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးရန် ရက် ၃၀ ကနဦးအပစ်ရပ်ရေး အမေရိကန်နှင့်ရုရှားနိုင်ငံတို့က ရုရှားနိုင်ငံအား အဆိုပြုထားပြီး ပူတင်ကလည်း အပစ်အခတ်ရပ်စဲရေးကိုထောက်ခံကြောင်းပြောထားသော်လည်း မြေပြင်တွင် တိုက်ခိုက်မှုများဆက်လက်ရှိနေဆဲဖြစ်သည်။
လက်ရှိတွင် ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံ၏နယ်မြေ ၅ ပုံ ၁ ပုံအထိထိန်းချုပ်ထားကာ အပစ်ရပ်သဘောတူညီမှုပြီးပါက ရုရှားသိမ်းယူထားသောယူကရိန်းနယ်မြေများအရေး ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။