ပူးလူးတူခြေကုပ်စခန်းအား KNU သိမ်းပိုက်ရရှိ၊ စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံသို့ထွက်ပြေးနေ

ပြည်တွင်းသတင်း - နိုင်ငံရေး | Mar 15, 2025

News Thumbnail
 
 
 
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော ခလရ (၃၁) ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက်ခြေကုပ်စခန်းကို KNU က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ 
 
ဖြစ်စဉ်မှာ ခလရ (၃၁) ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက်ခြေကုပ်စခန်းကို ကေအဲန်ယူ-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇)၊ တပ်ရင်း (၂၂) ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၄) ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ စခန်းသိမ်းတိုက်ပွဲကာလအတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်သား ၁၂ ဦး သေဆုံး၍ ၁၁ ဦးမှာ လက်နက်ငယ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။
 
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ ၆ ဦးဒဏ်ရာရရှိကာ ၃ ဦးကျဆုံးသွားခဲ့ကြောင်း KNU ထုတ်ပြန်ချက်အရသိရသည်။
 
ဓာတ်ပုံ- KNU
 
🔙 Back to News