တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းငြိမ်းချမ်းစွာဖြေရှင်းကြရာတွင်ကူညီရန်အသင့်ရှိကြောင်း NUG ထုတ်ပြန်

ပြည်တွင်းသတင်း - နိုင်ငံရေး | Mar 15, 2025

News Thumbnail

တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်ကြရာတွင် လိုအပ်သလိုကူညီဆောင်ရွက်ရန်အသင့်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်လိုက်သည်။

ရှမ်းမြောက်ဒေသ၌ဖြစ်ပေါ်နေသော မြေပြင်အငြင်းပွားမှုအချို့ အပါအဝင် လက်ရှိလက်နက်ကိုင်အဖွဲ့အစည်းများအကြားအငြင်းပွားမှုများနှင့်ပတ်သက်ပြီး  ၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် ယခုကဲ့သို့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လက်ရှိတော်လှန်ရေးအဖွဲ့အစည်းများအကြားဖြစ်ပွားသောပဋိပက္ခများကို နှစ်ဖက်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကလည်း မိတ်ဖက်ပဋိပက္ခများအဖြစ်သာ ရှုမြင်ကြောင်းအပေါ် ကြိုဆိုကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင်ရှမ်းမြောက်ဒေသ၌ ဖြစ်ပေါ်နေသော မြေပြင်အငြင်းပွားမှုအချို့ ကြောင့် ဒေသခံပြည်သူများသာမက နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် ပြည်သူလူထုတရပ်လုံး အကြားတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

တော်လှန်ရေးအဖွဲ့ အစည်းအားလုံးသည် ပြည်သူလူထု၏ လိုလားဆန္ဒကို ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းနေကြသူများပီပီ ပြည်သူများ၏ စိုးရိမ်သောကများ လျော့ကျစေရေး ဖြေလျော့ဆောင်ရွက်ပေးရန်လည်း အထူးတာဝန်ရှိကြောင်းလည်းဖော်ပြထားသည်။ 

🔙 Back to News