ဘယ်လာရုစ်သမ္မတနိုင်ငံသို့အလည်အပတ်ရောက်နေသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာလူကာရှင်းကော့ကို အဂ္ဂမဟာသရေစည်သူဘွဲ့ ချီးမြှင့်အပ်နှင်းရန် စီစဉ်နေကြောင်း သိရသည်။
မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့အလည်အပတ်ရောက်ရှိစဉ်ကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီဗစ်တရာဗစ်ချ် လတ်ဗ်ရော့အား စစ်တပ်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေမှတစ်ဆင့် စည်သူဘွဲ့ပေးအပ်ခဲ့သေးသည်။
မင်းအောင်လှိုင်သည် ယနေ့(မတ် ၇ ရက်)တွင် ဘယ်လာရုစ်သမ္မတ၊ ဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဘယ်လာရုစ်သမ္မတနိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း ဝန်ကြီးချုပ်ရုံးနှင့် အမျိုးသားလွှတ်တော်တို့တွင် သီးခြားတွေ့ဆုံမှုများပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။