ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် Chinland Council ပူးပေါင်းတပ်ဖွဲ့များနှင့် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) တပ်ဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက် ညနေပိုင်းတွင်စတင်ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိအထိ ထိတွေ့မှုများရှိနေဆဲဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ဒေသခံတစ်ဦးပြောတာက “အခုထိ လက်နက်သံတွေကြားနေရတုန်းပဲ။ နှစ်ဖက်အပြန်အလှန် ပစ်ကြတာ။ ရွာဘက်ကလူတွေဘာမှမဖြစ်ပါစေနဲ့ဆုတောင်းနေရတယ်” ဟု တီးတိန်ဒေသခံတစ်ဦးက News Hive သတင်းဌာနသို့ပြောသည်။
ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) တပ်ဖွဲ့နှင့် Chinland Council ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ဇိုမီးတော်လှန်ရေးတပ်မတော်သည် စစ်ကောင်စီလက်အောက်ခံဖြစ်ကြောင်း ဒေသခံအချို့မှ သုံးသပ်မှုများလည်း ရှိနေကြောင်း သိရသည်။