တစ်စုံတစ်ဦးက အရိုင်းအစိုင်းများ(ရုရှား)ကိုနှစ်သိမ့်ခဲ့သဖြင့် ယူကရိန်းနိုင်ငံကျူးကျော်ခံနေရခြင်း ဖြစ်ကြောင်းပိုလန်ဝန်ကြီးချုပ် ပြော

ပြည်တွင်းသတင်း - စီးပွားရေး | Mar 14, 2025

News Thumbnail
ရုရှားနိုင်ငံက ယူကရိန်းကို ညအချိန်တိုက်ခိုက်မှုများသည် တစ်စုံတစ်ယောက်က အရိုင်းအစိုင်းတို့ကို နှစ်သိမ့်ပေးခဲ့သဖြင့်ဖြစ်လာသောအကျိုးဆက်ဖြစ်ကြောင်း ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်က ပြောသည်။
 
ယူကရိန်း၏အရှေ့ပိုင်းနှင့်အရှေ့မြောက်ပိုင်းတို့ကိုရုရှားတိုက်ခိုက်မှုကြောင့်အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ပြီးနောက် ပိုလန်ဝန်ကြီးချုပ်က အထက်ပါအတိုင်းရေးသားခဲ့ခြင်းဖြစ်သည်။
 
"နောက်ထပ်ဗုံးတွေ၊ နောက်ထပ်ကျူးကျော်မှုတွေ၊ နောက်ထပ်ဒုက္ခရောက်သူတွေရှိလာပါတယ်။ ယူကရိန်းမှာနောက်ထပ်ကြေကွဲစရာကောင်းတဲ့ညတစ်ညဖြစ်ပါတယ်"ဟု ဒေါ်နယ်တပ်က ဆိုရှယ်မီဒီယာ X တွင်ရေးသားခဲ့သည်။
 
ရုရှားသမ္မတဗလာဒီမာပူတင်သည် ငြိမ်းချမ်းရေးကိုစိတ်မဝင်စားဘဲဆက်လက်တိုက်ခိုက်နေသဖြင့် ယူကရိန်းကိုစစ်ရေးအကူအညီပိုမိုပေးသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲကပြောကြားခဲ့ကြောင်းလည်း AFP သတင်းဌာနကဖော်ပြထားသည်။
 
ယူကရိန်းစစ်ပွဲ၌ရုရှား၏ရည်ရွယ်ချက်ပြောင်းလဲခြင်းမရှိကြောင်းကို အထက်ပါတိုက်ခိုက်မှုများက ပြသနေခြင်းဖြစ်သည်ဟု သမ္မတ ဗိုလိုဒီမာဇာယ်လန်းစကီးကပြောကြားခဲ့ပြီး ရုရှားကို အရေးယူပိတ်ဆို့မှုများလုပ်ရန် လိုအပ်မည်ဟုပြောကြားထားသည်။
 
🔙 Back to News