ရန်ကုန်အမျိုးသမီးဆေးရုံကြီးတွင် အမျိုးသမီးတစ်ဦး ၄ မွှာပူးအောင်မြင်စွာမွေးဖွား

ပြည်တွင်းသတင်း - အထွေထွေ | Mar 14, 2025

News Thumbnail
ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် အသက် ၂၆ နှစ်အမျိုးသမီးတစ်ဦးသည် ၂၀၂၅ ခုနှစ်၊ မတ် ၆ ရက်တွင် ၄ မွှာပူးကလေးမွေးဖွားခဲ့ကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်မှုအရ သိရသည်။
ကလေး ၄ ဦးလုံးသည်မိန်းကလေးများဖြစ်ပြီး ခွဲစိတ်မွေးဖွားခဲ့ခြင်းဖြစ်ကာ ကိုယ်အလေးချိန် 1.21 kg ၊ 1.52 kg၊ 1.28 Kg နှင့် 0.91 kg စီရှိပြီး မိခင်နှင့်ကလေးများ၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း သိရသည်။
 
ကလေးများအား မွေးကင်းစ ကလေးအထူးကြပ်မတ်ကုသဌာန၌ထားရှိကာ လိုအပ်သောကုသမှုများကို အနီးကပ်ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
 
အဆိုပါအမျိုးသမီးအောင်မြင်စွာမီးဖွားနိုင်ရေးအတွက် ဗဟို အမျိုးသမီးဆေးရုံကြီး-ရန်ကုန်ဆေးရုံအုပ်ကြီးခေါင်းဆောင်၍ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် ဆေးကုသရေးအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
🔙 Back to News