ခွေး ၂ ကောင်ကိုပြန်ပေးဆွဲပြီး ဒေါ်လာ ၁ သန်းကျော်နဲ့ပြန်ရွေးခိုင်းတဲ့ခွေးသူခိုး ၂ ဦးကိုဖမ်းဆီးရမိ

ပြည်တွင်းသတင်း - စီးပွားရေး | Mar 14, 2025

News Thumbnail
ဆွစ်ဇလန်နိုင်ငံတွင် ခွေး ၂ ကောင်ကိုခိုးယူပြန်ပေးဆွဲပြီးခွေးပိုင်ရှင်တွေဆီကနေ ဆွစ်ဖရန့် ၁ သန်း (ဒေါ်လာ ၁.၁၃၅ သန်း) ငွေတောင်းခံခဲ့တဲ့အမျိုးသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ ခွေးပိုင်ရှင် အသက် ၅၉ နှစ်အရွယ်အမျိုးသားသည် ဇူးရစ်မြို့ Schlieren ရပ်ကွက်ရှိ ၎င်း၏တိုက်ခန်းသို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်ကပြန်လာခဲ့စဉ် ၎င်း၏ ခွေး ၂ ကောင် အခိုးခံရခဲ့ရကြောင်း သိခဲ့ရခြင်းဖြစ်သည်။
 
အဆိုပါခွေး ၂ ကောင်သည် kennel အမျိုးအစားဖြစ်ပြီး ဈေးကွက်ထဲတွင် ဒေါ်လာ ၁၅၀၀ မှ ၃၀၀၀ ကြားတန်ကြေးရှိကြောင်း American Kennel Club ၏ဖော်ပြချက်အရ သိရသည်။
 
ခွေးသူခိုးများသည် ဆွစ်ဖရန့် ၁ သန်း (ဒေါ်လာ ၁.၁၃၅ သန်း)ခြိမ်းခြောက်တောင်းခံစာကို အိမ်ထဲတွင် ချန်ထားခဲ့ကြောင်း ခွေးပိုင်ရှင်၏ပြောကြားချက်အရ သိရသည်။
🔙 Back to News