ဆီးရီးယား-အစ္စရေး နယ်စပ်အနီး ဂိုလန်ဟိုက်စ်တွင် ၃ နှစ်အရွယ်ကလေးငယ်က ၎င်း၏အတိတ်ဘ၀တွင်အသတ်ခံခဲ့ပုံကိုဖော်ထုတ်ရာမှ လူသတ်တရားခံကိုပါ ဖမ်းဆီးရမိမှု ဖြစ်ပွားခဲ့သည်။
၎င်းသည် အတိတ်ဘဝတွင် အသတ်ခံခဲ့ရစဉ်ဖြစ်ခဲ့သော ဖြစ်ရပ်အသေးစိတ်ကိုပြောပြခဲ့သည့်အပြင် မြှုပ်နှံခံခဲ့ရသောနေရာကိုပါ ညွှန်ပြခဲ့သည့်အပြင် ၎င်းအားသတ်ရန်အသုံးပြုသည့်လက်နက်များကို ဖွက်ထားသည့်နေရာကိုပါဖော်ပြနိုင်ခဲ့သည်။
၎င်းညွှန်ပြသည့်နေရာအတိုင်း ရွာသားများသွားရောက်ရှာဖွေခဲ့စဉ် အရိုးစုနှင့်ပုဆိန်ကိုရှာတွေ့ခဲ့ကြောင်း သိရသည်။
ထူးခြားချက်မှာ အဆိုပါကလေးငယ်၏ဦးခေါင်းပေါ်တွင်နီရဲနေသော ခုတ်ရာဆန်ဆန် မွေးရာပါအမှတ်ပါရှိပြီး အတိတ်ဘဝတွင်လည်း ပုဆိန်နှင့်အခုတ်ခံခဲ့ရသည့်ဒဏ်ရာဖြစ်ကြောင်း ၎င်းကိုယ်တိုင်ပြောပြခဲ့ခြင်းဖြစ်သည်။
အရွယ်ရောက်လာသောအခါ ၎င်းအားသတ်ခဲ့သူနာမည်ကိုပါ ပြောပြခဲ့ပြီး ထိုလူကျူးလွန်ခဲ့သော သက်သေများကိုပါဖော်ထုတ်နိုင်ခဲ့တာကြောင့် လူသတ်သမားကိုယ်တိုင်ဝန်ခံခဲ့ရသည်။