ပြင်သစ်နိုင်ငံ၊ပါရီမြို့ရှိ လူစည်ကားရာဘူတာတွင် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးတွေ့ရှိ

ပြည်တွင်းသတင်း - စီးပွားရေး | Mar 14, 2025

News Thumbnail
 
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြိုတော်ရှိ Paris Gare du Nord ရထားဘူတာအနီးတွင် မပေါက်ကွဲသေးသော ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးတစ်လုံးကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။
 
Gare du Nord သည် စီးနင်းသူခရီးသည်နဲ့ ဆိုက်ရောက်ထွက်ခွာရထားစင်းရေအများဆုံး ဘူတာတစ်ခုဖြစ်ပြီး တစ်နှစ်လျှင် ခရီးသည် ၂၁၄ သန်း ပိုဆောင်ပေးနေရကြောင်း ဥရောပရထားလိုင်းတစ်ခုဖြစ်သည့် ယူရိုစတား၏ဖော်ပြချက်အရ သိရသည်။
 
အဆိုပါဘူတာအနီးတွင် အရှည် ၃ ပေရှိပြီး ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းပေါင် ၄၀၀ ကျော်ပါဝင်သောဗုံးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
 
ရဲတပ်ဖွဲက ဗုံးကိုအသက်မဲ့အောင်လုပ်ဆောင်ချိန်တွင် ယူရိုစတားနှင့်တခြားရထားလိုင်းများကို သွားလာမှုရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။
 
ယခုဗုံးတွေ့ရှိခဲ့သောနေရာသည် စစ်လက်ကျန်ပစ္စည်းများတွေ့ရှိတတ်သောနေရာတစ်ခုအဖြစ် လူသိများကြောင်း သိရသည်။
 
🔙 Back to News