ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကို ICC ဖမ်း၀ရမ်းဖြင့်ဖမ်းဆီးလိုက်ပြီ

ပြည်တွင်းသတင်း - စီးပွားရေး | Mar 14, 2025

News Thumbnail
မူးယစ်ဆေးနှိမ်နင်းသည်ဆိုကာ လူပေါင်း ၃ သောင်းကျော်သေဆုံးစေသည်အထိ သေနတ်ဖြင့်ပစ်သတ်၊ ကားဖြင့်တိုက်ခဲ့မှုများ၏ကြိုးကိုင်သူ ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကို ICC ဖမ်း၀ရမ်းဖြင့် ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သိရသည်။
 
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို ယနေ့(မတ် ၁၁ ရက်)မနက်ပိုင်းက မနီလာလေဆိပ်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
 
“ဒါက ကျုပ်ကံကြမ္မာဆိုလည်းအဆင်ပြေပါတယ်။ လက်ခံမှာပါ။ ကျုပ်တို့လုပ်နိုင်တာ ဘာမှမရှိပါဘူး” ဟု ဒူတာတေးက ပြီးခဲ့သောမတ်လ ၉ ရက်က ပြောကြားထားသည်။
 
ယခုအခါ ဟောင်ကောင်မှပြန်လာစဉ်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ICC ၏ဖမ်းဝရမ်း တရားဝင်မိတ္တူရရှိခဲ့အပြီး ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးက အတည်ပြုထုတ်ပြန်ထားသည်။
 
ဒူတာတေးသည် ဖိလစ်ပိုင်နိုင်ငံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်သွားမည်ဟုကြုံးဝါးပြီး ၂၀၁၆ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့ကာ မူးယစ်ဆေးတရားခံအလောင်းများကြောင့် မနီလာပင်လယ်အော်တွင် အလောင်းများပုံနေပြီး ငါးများပင် ၀ဖြိုးလာမည်ဟု ကြွေးကြော်ခဲ့သူဖြစ်သည်။
 
ထို့နောက် သမ္မတဖြစ်ပြီးချိန်မှစတင်ကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံချက်များချမှတ်ခဲ့ကာ အရပ်သား ၃၀,၀၀၀ ဦးဝန်းကျင်အထိသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
🔙 Back to News