မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် မတ်လ ၉ ရက်က စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းရှိ တပ်မ ၁၀၁ လက်အောက်မှ အင်အား ၂၀၀ ဝန်းကျင်ဖြင့် ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုမှ MA1 သေနတ် ၁၉ လက်၊ MA2 သေနတ် ၂ လက်၊ MA3 သေနတ် ၇ လက်၊ MA5 သေနတ် ၂ လက်၊ MA11 သေနတ် ၇ လက်၊ MA12 သေနတ် ၁ လက်၊ G3 သေနတ် ၂ လက်၊ G4 သေနတ် ၁ လက်၊ ၆၀ မမ ပြောင်းတို ၂ လက်၊ ၈၁ မမ စိန်ပြောင်း ၁ လက်၊ ၅.၅၆ ကျည်အတောင့်ရေ ၁၂၀၀၀ ၊ ၇.၆၂ ကျည် ၁၀၄၅ တောင့်၊ ၉ မမ ကျည် ၁၉ တောင့်၊ ၆၀ မမ ကျည် ၂၈ လုံး၊ ၈၁ မမကျည် ၇ လုံး၊ RPG ကျည်အဖူး ၇ လုံး၊ RPG ပို့ကျည် ၈ တောင့်၊ အီနာဂါဗုံးသီး ၂၁ လုံး၊ နင်းမိုင်း ၅ လုံး၊ လက်ပစ်ဗုံး ၁၁ လုံး၊ Laptop ၂ လုံး၊ ဆက်သွယ်ရေးစကားပြောစက် ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက မတ် ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။