စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်းအရပ်သားသေဆုံးမှု ၇၃ ရာခိုင်နှုန်းမှာ ပစ်မှတ်ထားသတ်ဖြတ်ခံရခြင်းဖြစ်ဟု ဆို

ပြည်တွင်းသတင်း - အထွေထွေ | Mar 14, 2025

News Thumbnail
စစ်ကောင်စီအာဏာသိမ်းခဲ့ပြီးနောက် ၄ နှစ်တာကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် အရပ်သား ၅၃၀၀ ဦးကျော်သေဆုံးခဲ့ကြောင်း Data for Myanmar က မတ်လ ၁၂ ရက်တွင်ထုတ်ပြန်သည်။
 
၂၀၂၁ ခုနှစ်မတ်လမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အကြမ်းဖက်မှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အရပ်သား ၅၃၀၄ ဦးသေဆုံးခဲ့ပြီး ၃၇၈၈ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
အရပ်သားသေဆုံးမှု၏ ၇၃ ရာခိုင်နှုန်းသည် ပစ်မှတ်ထားသတ်ဖြတ်ခံရမှုများဖြစ်ပြီး ကျန် ၂၁ ရာခိုင်နှုန်းသည် လေကြောင်း၊ဒရုန်း၊လက်နက်ကြီးတိုက်ခိုက်မှုနှင့်မိုင်းနင်းမိမှုများကြောင့်ဖြစ်ကြောင်း သိရသည်။
 
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၄၇၈ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၅၃၂ ဦး ရှိခဲ့ပြီး သေဆုံးသူများတွင် အသက် ၁၈ နှစ်နှင့်အထက်အမျိုးသား ၇၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
 
ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ အရပ်သား ၄၃ ဦးသေဆုံးခဲ့ပြီး ၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
🔙 Back to News