အမေရိကန်သမ္မတကိုယ်တိုင် TESLA ကားများကိုအရောင်းမြှင့်တင်ပေးနေ

နိုင်ငံတကာသတင်း | Mar 14, 2025

News Thumbnail
 
၁၃.၃.၂၀၂၅
 
Tesla ကားကုမ္ပဏီရှယ်ယာများထိုးကျနေသဖြင့် အမေရိကန်သမ္မတ ထရမ့်ကိုယ်တိုင် အရောင်းမြှင့်တက်ရေး ဝင်ရောက်ကူညီပေးနေကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။
 
အစိုးရအကြီးအကဲများသည် မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ဆက်စပ်သောလုပ်ငန်းများကို ထောက်ခံပေးခြင်း၊ ကြော်ငြာပေးခြင်းကို အစဥ်အလာအားဖြင့် ရှောင်ရှားကြသော်လည်း ဒေါ်နယ်ထရမ့်က ၎င်း သမ္မတအနိုင်ရရှိရေးအတွက် ကူညီပေးခဲ့သည့် tesla ပိုင်ရှင် အီလွန်မက်စ်၏ လုပ်ငန်းစုကို ကြေညာပေးနေခြင်းဖြစ်သည်။
 
“ကားမမောင်းတာကြာပြီဖြစ်လို့ ငါမောင်းခွင့်မရှိပါဘူး။ ဒါပေမဲ့ ဒီကားကို အိမ်ဖြူတော်မှာထားပြီး ဝန်ထမ်းတွေလိုရာသုံးခွင့်ပြုမှာပါ” ဟု ဒေါ်နယ်ထရမ့်က အင်္ဂါနေ့ နေ့လည်ခင်းတွင် TESLA အနီရောင်ကားတစ်စီးရှေ့တွင် အီလွန်မက်စ်နှင့်အတူရပ်ပြီး သတင်းထောက်များကို ပြောဆိုခဲ့သည်။
 
ထရမ့်ဝယ်ယူခဲ့သည့်ကားမှာ Tesla Model S အမျိုးအစားဖြစ်ပြီး ပျမ်းမျှကန်ဒေါ်လာ ၈၀၀၀၀ ခန့် ကုန်ကျသည့်ကားအမျိုးအစားဖြစ်သည်။
 
TESLA ၏ရှယ်ယာတန်ဖိုးသည် ပြီးခဲ့သော ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်တစ်ရက်တည်း၌ ၁၅ ရာခိုင်နှုန်း ထိုးကျခဲ့ပြီး အီလွန်မက်စ်၏ ငွေကြေးပိုင်ဆိုင်မှုမှာ တစ်ရက်စာအတွက် ဒေါ်လာ ၂၉ ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
 
အီလွန်မက်စ်သည် ဒေါ်နယ်ထရမ့်အတွက်မဲဆွယ်ပေးခဲ့ခြင်းနှင့် အစိုးရဝန်ထမ်းများကို အလုပ်ဖြုတ်ပစ်တို့ခြင်းတို့ကြောင့် အီလွန်မက်စ်၏ Tesla ကားကုမ္ပဏီကိုဆန္ဒပြမှုများဖြစ်ပေါ်နေပြီး ဥရောပတွင်လည်း အီလွန်မက်စ်၏လက်ယာစွန်းရောက်ပါတီများကို ထောက်ခံအားပေးမှုကြောင့် TESLA ကားများအရောင်းထိုးကျကာ ကားအရောင်းပြခန်းတစ်ချို့ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
 
🔙 Back to News