ထိုင်းလေယာဉ်မယ်သယ်ဆောင်လာသောမူးယစ်ဆေးများကို မြန်မာနိုင်ငံတွင်ထုတ်လုပ်ခဲ့ဟု ဆို

ပြည်တွင်းသတင်း - မှုခင်း | Jul 05, 2026

News Thumbnail

ဩစတြေးလျနိုင်ငံသို့ မူးယစ်ဆေးများသယ်ဆောင်သွားသော Thai Airway လေကြောင်းလိုင်းမှ ထိုင်းလေယာဉ်မယ်အမှုနှင့်ပတ်သက်ပြီး အဆိုပါမူးယစ်ဆေးဝါးများသည် မြန်မာနိုင်ငံတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဘန်ကောက်ပို့စ်သတင်းဌာနမှဖော်ပြလာသည်။ 

ဖြစ်စဉ်မှာ မီနာ၊ အသက် ၂၆ နှစ်၊ ထိုင်းနိုင်ငံသားလေယာဉ်မယ်အား ဩစတြေးလျနိုင်ငံတွင် မူးယစ်ဆေးဝါးများသယ်ဆောင်လာသည်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုမှမူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံတွင်ထုတ်လုပ်ပြီး လာအိုနိုင်ငံမှတဆင့် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖာယောင်းခရိုင်၊ ချမ်းခန်းဒေသသို့မှောင်ခိုတင်သွင်းလာခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကစုံစမ်းသိရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ချမ်းခန်းဒေသသည် တရားမဝင်မူးယစ်ဆေးဝါးများ ဖြတ်သန်းသယ်ဆောင်ရာနေရာဖြစ်ပြီး အမှုနှင့်ပတ်သက်သည့်မူးယစ်ဆေးဝါး ကုန်သည် ဥထိုင်း ခါနာပီဝတ် ဆိုသူသည် ဘိန်းဖြူများ ထည့်ထားသည့် ဆင်ရုပ်ပါလက်ဆွဲအိတ်များ ပါရှိသည့်ပါဆယ်ထုပ်ကို ဇွန် ၂၂ ရက်က ဘန်နာ ခရိုင်ရှိ လေယာဉ်မယ်မီးနာ၏ ကွန်ဒိုသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း ဝန်ခံထားသည်။

🔙 Back to News