NLD အစိုးရလက်ထက်တွင် စီးပွားရေး၊ နိုင်ငံရေးအဘက်ဘက်တွင် နိမ့်ကျခဲ့ရပြီး စစ်တပ်မုန်းတီးရေးလုပ်ငန်းစဉ်များလုပ်ဆောင်ခဲ့ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂ ရက်ကသွားရောက်စစ်ဆေးစဉ် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဒီမိုကရေစီ ဒုတိယအစိုးရ NLD အစိုးရ သက်တမ်းကာလမှာ တပ်မတော်ကို မုန်းတီးစေတဲ့ ရေးသားပြောဆိုမှုများ၊ လှုံ့ဆော်မှုများကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်လုပ်ဆောင်ခဲ့ကြပါတယ်။ အလားတူ စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ကဏ္ဍအသီးသီးမှာ လုပ်ငန်းတာဝန်တွေ အောင်မြင်အောင်ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် နိုင်ငံတော်မှာအဘက်ဘက်က ဆုတ်ယုတ်ခဲ့ ရပါတယ်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာလည်း မဲမသမာမှုများ လုပ်ဆောင်ပြီး ၎င်းတို့ ပါတီအာဏာရရှိရေးဆောင်ရွက်ခဲ့ကြတယ်”ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောသည်။
အဆိုပါခရီးစဉ်တွင် နယ်မြေလုံခြုံရေးအခြေအနေများကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်းလည်း သိရသည်။
လက်ရှိတွင် မင်းအောင်လှိုင်သည် ယာယီသမ္မတရာထူးကို ရယူထားကာ နိုင်ငံတော်အာဏာကို ဆက်လက်စွဲကိုင်ထားသူတစ်ဦးဖြစ်သည်။