ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်က တော်လှန်ရေးရဲဘော် ၃ ဦးအား စိတ်ကြွဆေးပြား ၃ သန်းခန့်၊ ဘိန်းဖြူ ၁၀၀ ကီလိုဂရမ်၊ လက်နက်တို့နှင့်အတူဖမ်းဆီးရမိကြောင်း Chinland Defense Force – Hakha ကထုတ်ပြန်လာသည်။
ဖြစ်စဉ်မှယ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်က ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ်၊ ဗားရ်တံတားသို့ Hilux 9K-1693 နှင့် ကိုစိုးသူပိုင်ဆိုင်သော 1J-6011 Forland ကားတို့ဖြင့် သယ်ယူပို့ဆောင်သော စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ ၁၁၀ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနက်(၂)လက်၊ mini starlink(၂)ခုတို့နှင့်အတူ တော်လှန်ရေး ရဲဘော်(၃)ဦး၊ ယာဥ်မောင်း(၁)ဦး နှင့် စပယ်ယာ(၁)ဦးတို့အား Chinland Defense Force – Hakha မှ ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ဆေးဝါးများ သယ်ယူပို့ဆောင်ရေးတွင်တာဝန်ခံဖြစ်သော မောင်ဇော်လတ် အမည်ရင်း ဦးဝင်းမော် နှင့် ကိုပုတီး အမည်ရင်း ဦးကျော်မင်းဇော်တို့သည် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်က မီးရှို့ဖျက်ဆီးခဲ့ကာ ဖမ်းဆီးရမိထားသူများကိုလည်း တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။