တိုက်လေယာဉ်တစီးထပ်မံပျက်ကျကြောင်း စစ်ကောင်စီထုတ်ပြန်

ပြည်တွင်းသတင်း - နိုင်ငံရေး | Jul 03, 2025

News Thumbnail

လေတပ်မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှု (သို့မဟုတ်) ရုတ်တရက် ရာသီဥတုဆိုးရွားမှုကြောင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း စစ်ကောင်စီက ဇူလိုင်လ ၂ ရက် ညပိုင်းတွင်ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်ရေးလေယာဉ်သည် ဇူလိုင် ရက် ညပိုင်းက ခရီးဝေးလေ့ကျင့်ပျံသန်းစဉ် နေပြည်တော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ၌ ရုတ်တရက် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်၍ ဆက်သွယ်မှုပြတ်တောက်သွားခြင်းဖြစ်ကြောင်း သိရသည်။  

ကနဦးစစ်ဆေးချက်များအရ စက်ချို့ယွင်းမှု (သို့မဟုတ်) ရုတ်တရက် ရာသီဥတုဆိုးရွားမှုများကြောင့် ဖြစ်နိုင်ပြီး ဆက်သွယ်မှုပြတ်တောက်ရာ နေရာတ၀ိုက်သို့  ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်နိုင်ရေး စီမံဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သော ဇွန် ၁၀ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း F-7 တိုက်လေယာဉ်တစီး ပျက်ကျခဲ့သည်။

🔙 Back to News